Sunday, February 2, 2014
Reactions: ပြုလုပ်ပြီးသား new facebook အကောင့် ကို locked မဖြစ်အောင် ကြာရှည်ခံအောင် လုပ်နည်။
-နှစ်သက်ရာ နည်းစနစ်ဖြင့် ဖေ့ဘုတ်အကောင့်န်သစ်တစ်ခုကိုစလုပ်ပါ- -နာမည်ကို eng: အမည်နဲ့စလုပ်ပါ။ သူဖြည့်ခိုင်းတဲ့ city တို့၊country တို့၊ school တို့၊ bunish တို့ကို eng: လိပ်စာနာမည်ပဲဖြည့်ထားပေးလိုက်ပါ။ (လောလောဆယ်ပေါ့၊နောက်မှပြန်ပြောင်းယူလို့ရပါတယ်)- -step by step တွေပြီးရင် profile နှစ်သက်ရာတင်ပါ- -friend request 10 ယောက်တိတိကို အခြားပြည်ပနိုင်ငံမှအမည်များကိုရှာ add လိုက်ပါ- -ပြီးရင် post သုံးခုတင်ရပါမယ်။အဲ့ဒိတင်မယ့် ပို့စ်သုံးခုစလုံးဟာ၊ပုံတွေကို အခြားပြည်ပနိုင်ငံများမှ ပုံတွေ ပဲဖြစ် ရ မှာပါ။ ရှုခငိးပုံတို့၊တခြား community ပုံတွေလည်းရပါတယ်။ညစ်ညမ်းပုံများမရပါ။ ပုံနဲ့တကွ စာ နှစ်ကြောင်းလောက်ကို (ဘာအဓိပ္ပါယ်ပဲဖြစ်ဖြစ်ပါ့) အင်္ဂလိပ်လိုနည်းနည်းပါးပါးရေးလိုက်ပြီး၊ ပုံနဲ့တွဲတင်ပါ။ posts 3 ခုလောက်ပေါ့- -ပြီးရင်ဘာမှဆက်မလုပ်နဲ့တော့။...
Facebook နှင့် ဘဝလုံခြုံမှု ပြဿနာ
Facebook လို Social Media Site များက မိမိရဲ့  Personal အချက်အလက်များကို အလွယ်တကူ မြင်တွေ့ နိုင်တဲ့ နေရာတစ်ခုအဖြစ် ရပ်တည်လာပါတယ်။
တကယ်ပါ။ ကျနော့ အကောင့်ထဲမှာ အမျိုးသမီးတစ်ဦးရှိတယ်။ သိပ်မခင်ဘူး။ သူက ရှော့ပင်ထွက်တဲ့ အကြောင်းတွေ Status တင်တယ်။ အိမ်မှာပျင်းလိုက်တာ ဆိုပြီးတော့ တင်တယ်။ ပြီးတော့ သူအစားစားပြီ ဆိုရင် ဓာတ်ပုံအရင်ရိုက်ပြီးမှ အရမ်းကြိုက်၊ အရမ်းခိုက် ဆိုတဲ့ စာမျိုးနဲ့ တင်တယ်။ သူ့အိမ်ရှေ့ က ပေါက်နေတဲ့ ပန်းတွေက လှလို့ပါဆိုပြီး ဓာတ်ပုံရိုက်ပြီးတင်ရှာတယ်။ သူ အားပေးတဲ့ နိုင်ငံခေါင်းဆောင် တစ်ယောက် အကြောင်း ကိုတင်တယ်။ ပြီးတော့ အသဲကွဲ ကဗျာလေးတွေကို Page တွေကနေ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် တင်တယ်။ အဲ့ဒီမှာ ကျနော် သူ့ အကြောင်းကို တော်တော်သိသွားပြီ။
နေတဲ့ မြို့ ၊ ရပ်ကွက် ကိုသိပြီ။ မွေးရပ်ဇာတိကို သိပြီ။ ကိုယ်ကလည်း ရန်ကုန်မှာ ခြေရာမထပ်ပေမယ့် တိုက်ဆိုင်လို့လား မသိ။ အဲ့ပန်းပင် ရှိတဲ့နေရာကို မှတ်မှတ်ရရသိ။ ပြီးတော့ သူကြိုက်တဲ့ အစားအစာကို သိသွားပြီ။ နောက်ပြီးတော့ သူရဲ့  နိုင်ငံရေး ရပ်တည်ချက်ကို သိသွားပြီ။ သူ အသဲကွဲတဲ့ ခံစားချက်မျိုးရှိတာ သိသွားပြီ။ ရှော့ပင်သွားရင် ဘယ်နေရာသွားတယ် သိသွားပြီ။ ဘယ်နေ့သွား တတ်တယ် သိသွားပြီ။ အဲဒါ စကား လုံးဝ မပြောရသေးဘူးနော်။ အကြောင်းအရာ အတော်များများ သိနေပြီ။ အကြောင်းက သိသလောက် နီးပါးရှိနေတဲ့ Social Media မှာ ကျနော်တို့လို စာရေးတဲ့ သူတွေက စကားပြောကောင်းတယ်လေ။ လွယ်လွယ်နဲ့ခင်သွားတာပေါ့။ နောက်တော့ သူ့ရဲ့ အချက်အလက်တွေ အတော်များများ သိတာမို့ လက်တည့်စမ်းပြီး အကောင့်လေးဘာလေး တွေး တိုးစမ်း Hack ကြည့်လိုက်တာ ညံ့လိုက်တဲ့ Security မေးခွန်း မွေးရပ်ဇာတိ ကို အင်္ဂလိပ်လိုရိုက်ပေးတာနဲ့ အကောင့်က လက်ထဲကို ရောက်ရော။ (နောက်တော့ ဆုံးမ သြဝါဒ ချွေပြီး ပြန်ပေးလိုက်ပါတယ်။)
ကဲ..။ ဒီက စာဖတ်သူတို့ရော်။ သင်တို့ Facebook အကောင့်တွေလုံခြုံပါရဲ့ လား။ ပိုပြီးလေးနက်တဲ့ မေးခွန်း မေးပါမယ်။ သင့်ဘဝ လုံခြုံပါရဲ့ လား။ အရေးအကြီးဆုံးအချက်တွေ ပြောပါမယ်။
နေရာဖော်ပြမှု (Location)
သိပ်အရေးကြီးတယ်။ သွားတတ်တဲ့နေရာတိုင်းကို အားလုံးကို သိစေချင်လို့ ရှဲလွန်းကြတော့ သိသူ၊မြင်သူက မြင်နေပြီ။ သင်တကယ် လုံခြုံပါရဲ့ လား။
ကိုယ်ရေးအချက်အလက် ဖော်ပြမှု (Personal Information)
အချက်အလက်တင်မကဘူး။ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေကော၊ အိမ်တွေကော၊ လှတာရော၊မလှတာရော အားလုံး ပေါင်း ဖော်ပြနေတော့ သူ ဘယ်မှာနေတယ်။ ဘာလုပ်တယ်။ ဘက်ကလာတယ် အတော်များများက သိနေပြီ။
ခံစားချက် ဖော်ပြမှု (Feeling Status)
အချို့ က ဘော့စ်နဲ့ အဆင်မပြေတော့ဘူး။ လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေတော့ဘူး။ ချက်ချင်းပဲ စိတ်မကျေနပ် တဲ့ စတေးတပ်တွေ တင်ကုန်ကြပါတယ်။ လူကဲခတ်တတ်သူများ သူက ဘာကိုစိတ်တိုတတ်တယ်။ သူက ဘယ်လို စိတ်နေစိတ်ထား ရှိတယ် အလွယ်တကူ ခန့်မှန်းနိုင်ပြီး သတင်းနှိုက်တဲ့နေရာမှာ အကွက်ချချ အသုံးပြု သွားနိုင်ပါတယ်။
ကဲ။ နေရာသိပြီ။ ကိုယ်ရေးအချက်အလက်သိပြီ။ သူ့ခံစားချက်သိပြီ။ ဘာလုပ်တော့မလဲ။ ကျနော်ကပဲ အရမ်း စူးစမ်းလေ့လာတတ်လို့လားမသိ စုံထောက်ဝင်စားပုံရပါတယ်။ (နောက်တာပါ) ။ ဆောင်ရန်လေးတွေ ပြော ပါမယ်။
Privacy သတ်မှတ်ပါ
ဒါက Facebook က အရေမရ အဖတ်မရပါဆိုပြီး ပေးထားတဲ့ Feature မဟုတ်ဘူးနော်။ Status တစ်ခု၊ Photo တစ်ခု တင်မယ်ဆိုရင်
တင်တဲ့အချိန် (Time)
တင်တဲ့နေရာ ( Location)
မြင်စေချင်တဲ့သူ (Public or No one or Any or Something)
ပါဝင်တဲ့ သူ ( People)
ဓာတ်ပုံ ရယူရန် အသုံးပြုသော ပစ္စည်း ( iPhone/HTC/ Nokia and so on)
အစရှိသဖြင့် ရွေးချယ်ပိုင်ခွင့် အားလုံး ပေးထားပါတယ်။ အဲဒါတွေ သတိကော ထားမိကြရဲ့ လား။ Privacy တစ်ခု ကိုယ်ကိုတောင် ချမှတ်စေချင်ပါတယ်။ ဥပမာ အပြင်သွားမယ့် အကြောင်းအရာလေး၊ ရှော့ပင်သွားမယ့် အကြောင်းအရာလေးတွေဆိုရင် ခင်ရာမင်ရာ သူငယ်ချင်းအရင်းတွေကိုပဲ သိစေတာမျိုး၊ ဓာတ်ပုံတွေ တင်ရင်လည်း မြင်စေချင်တဲ့ သူငယ်ချင်းတွေပဲ မြင်စေတာမျိုး၊ အချို့  လုပ်ငန်းနဲ့ ပက်သက်တဲ့ ပရိုမိုးရှင်းကို အကောင့်မှာ လုပ်တဲ့အခါကျ အားလုံးကိုမြင်စေဖို့ Public ပေးတာမျိုး အစရှိသဖြင့် ပြုလုပ်တတ်ဖို့ လိုအပ်ပါတယ်။
ဘာပဲလုပ်လုပ် Staus မတင်၊ Update မတင်ရင်လည်း Facebook ဆိုတာ သုံးရတာ စိတ်ကျေနပ်မှု ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ Facebook က တင်စေချင်လို့ကို ယင်း UI ကို ပေးထားတာပါ။ သို့ပေမယ့် မိမိရဲ့  ကိုယ်ရေးအချက်အလက်နဲ့ စိတ်ခံစားချက်များကို လုံခြုံမှု ရှိအောင်တော့ ယခုလို Only Friend, Friend of Friend, Tag Location, Edit Time အစရှိသဖြင့် Feature ကို အစုံအလင် ပေးထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် Facebook ကို လုံလုံခြုံခြုံ အသုံးပြုနိုင်စေဖို့ Privacy Setting, Account Setting ကို အားတိုင်း ဝတ်ဖတ်ပါ။ ဝင်ပြင်ချင်ရာ ပြင်ပါ။ စာဖတ်မပျင်းပါနဲ့။ မိမိ အကောင့် လုံခြုံရေးက မိမိ အသက်လုံခြုံရေးနဲ့ သိပ်မကွာခြားတော့ပါဘူး။ ယနေ့မှာ Social Media ကိုအခြေခံပြီး ဖြစ်ပေါ်တဲ့ Crime တွေ အင်မတန် များပြား လာပါပြီ။ လူတိုင်း Facebook Personal Account ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် အကြံပေး တိုက်တွန်း လိုက်ရပါတယ်
credit to sayarchan
.
Thursday, January 30, 2014
Lock ကျနေသော facebook Account အားပြန်ယူနည်း
လတ်တလော Facebook ရဲ့ ပြောင်းလဲ သွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။
ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။
၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။
ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်
ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။
ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။
သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။
ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။
အားလုံး အဆင်ပြေကြပါစေဗျား !!!
Tuesday, January 28, 2014
လူသိနည်းသောFace book shortcut များ
Alt+M New Message ပို့ရန် Box လေးခေါ်တာ
Alt+? facebook search ဆီကိုသွားတာ
Alt+1က အကြောင်းအရာအသစ်တွေဖြစ်တဲ့ News Feed နဲ့ Home ဆီသွားတာ
Alt+2 မိမိ profile ဒါမှမဟုတ် ကိုယ့်တိုင်းမ်လိုင်းဆီပြန်သွားတာ
Alt+3က ကိုယ့်ကို Add ထားတဲ့ friend request တွေကိုကြည့်ဘို့
Alt+4 message box ဆီသွားတာ
Alt+5 Notifications တွေကို ကြည့်တာ
Alt+6ကိုယ့် အကောက် Setting ဆီသွားတာ
Alt+7 Privacy Setting ၀င်ညှိ ဖို့
Alt+8 Page ဆီသွားဖို့
Alt+9 Facebook အဖွဲ့ရဲ့ ပေါ်လစီ တွေဖြစ်တဲ့ Statement of rights and responsibilities ကိုလေ့လာတာ။
Alt+0 ကတော့ Help Center ကိုခေါ်တာ
အပေါ်က ဖော်ပြထားတဲ့ Facebook keyboard short cut တွေက Window နဲ့ Chrome IE တို့အတွက်ဖြစ်ပါတယ် Window နဲ့ Fire fox မှာသုံးခြင်ရင် Alt နေရာမှာ Alt+Shift အဖြစ်ပြောင်းလဲသုံးနိုင်
ပါကြောင်းခင်ဗျားးးးးးးးးးးးးးးး။
Subscribe to:
Posts (Atom)