Sunday, February 2, 2014
Reactions: ပြုလုပ်ပြီးသား new facebook အကောင့် ကို locked မဖြစ်အောင် ကြာရှည်ခံအောင် လုပ်နည်။
-နှစ်သက်ရာ နည်းစနစ်ဖြင့် ဖေ့ဘုတ်အကောင့်န်သစ်တစ်ခုကိုစလုပ်ပါ- -နာမည်ကို eng: အမည်နဲ့စလုပ်ပါ။ သူဖြည့်ခိုင်းတဲ့ city တို့၊country တို့၊ school တို့၊ bunish တို့ကို eng: လိပ်စာနာမည်ပဲဖြည့်ထားပေးလိုက်ပါ။ (လောလောဆယ်ပေါ့၊နောက်မှပြန်ပြောင်းယူလို့ရပါတယ်)- -step by step တွေပြီးရင် profile နှစ်သက်ရာတင်ပါ- -friend request 10 ယောက်တိတိကို အခြားပြည်ပနိုင်ငံမှအမည်များကိုရှာ add လိုက်ပါ- -ပြီးရင် post သုံးခုတင်ရပါမယ်။အဲ့ဒိတင်မယ့် ပို့စ်သုံးခုစလုံးဟာ၊ပုံတွေကို အခြားပြည်ပနိုင်ငံများမှ ပုံတွေ ပဲဖြစ် ရ မှာပါ။ ရှုခငိးပုံတို့၊တခြား community ပုံတွေလည်းရပါတယ်။ညစ်ညမ်းပုံများမရပါ။ ပုံနဲ့တကွ စာ နှစ်ကြောင်းလောက်ကို (ဘာအဓိပ္ပါယ်ပဲဖြစ်ဖြစ်ပါ့) အင်္ဂလိပ်လိုနည်းနည်းပါးပါးရေးလိုက်ပြီး၊ ပုံနဲ့တွဲတင်ပါ။ posts 3 ခုလောက်ပေါ့- -ပြီးရင်ဘာမှဆက်မလုပ်နဲ့တော့။...
Facebook နှင့် ဘဝလုံခြုံမှု ပြဿနာ
Facebook လို Social Media Site များက မိမိရဲ့  Personal အချက်အလက်များကို အလွယ်တကူ မြင်တွေ့ နိုင်တဲ့ နေရာတစ်ခုအဖြစ် ရပ်တည်လာပါတယ်။
တကယ်ပါ။ ကျနော့ အကောင့်ထဲမှာ အမျိုးသမီးတစ်ဦးရှိတယ်။ သိပ်မခင်ဘူး။ သူက ရှော့ပင်ထွက်တဲ့ အကြောင်းတွေ Status တင်တယ်။ အိမ်မှာပျင်းလိုက်တာ ဆိုပြီးတော့ တင်တယ်။ ပြီးတော့ သူအစားစားပြီ ဆိုရင် ဓာတ်ပုံအရင်ရိုက်ပြီးမှ အရမ်းကြိုက်၊ အရမ်းခိုက် ဆိုတဲ့ စာမျိုးနဲ့ တင်တယ်။ သူ့အိမ်ရှေ့ က ပေါက်နေတဲ့ ပန်းတွေက လှလို့ပါဆိုပြီး ဓာတ်ပုံရိုက်ပြီးတင်ရှာတယ်။ သူ အားပေးတဲ့ နိုင်ငံခေါင်းဆောင် တစ်ယောက် အကြောင်း ကိုတင်တယ်။ ပြီးတော့ အသဲကွဲ ကဗျာလေးတွေကို Page တွေကနေ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် တင်တယ်။ အဲ့ဒီမှာ ကျနော် သူ့ အကြောင်းကို တော်တော်သိသွားပြီ။
နေတဲ့ မြို့ ၊ ရပ်ကွက် ကိုသိပြီ။ မွေးရပ်ဇာတိကို သိပြီ။ ကိုယ်ကလည်း ရန်ကုန်မှာ ခြေရာမထပ်ပေမယ့် တိုက်ဆိုင်လို့လား မသိ။ အဲ့ပန်းပင် ရှိတဲ့နေရာကို မှတ်မှတ်ရရသိ။ ပြီးတော့ သူကြိုက်တဲ့ အစားအစာကို သိသွားပြီ။ နောက်ပြီးတော့ သူရဲ့  နိုင်ငံရေး ရပ်တည်ချက်ကို သိသွားပြီ။ သူ အသဲကွဲတဲ့ ခံစားချက်မျိုးရှိတာ သိသွားပြီ။ ရှော့ပင်သွားရင် ဘယ်နေရာသွားတယ် သိသွားပြီ။ ဘယ်နေ့သွား တတ်တယ် သိသွားပြီ။ အဲဒါ စကား လုံးဝ မပြောရသေးဘူးနော်။ အကြောင်းအရာ အတော်များများ သိနေပြီ။ အကြောင်းက သိသလောက် နီးပါးရှိနေတဲ့ Social Media မှာ ကျနော်တို့လို စာရေးတဲ့ သူတွေက စကားပြောကောင်းတယ်လေ။ လွယ်လွယ်နဲ့ခင်သွားတာပေါ့။ နောက်တော့ သူ့ရဲ့ အချက်အလက်တွေ အတော်များများ သိတာမို့ လက်တည့်စမ်းပြီး အကောင့်လေးဘာလေး တွေး တိုးစမ်း Hack ကြည့်လိုက်တာ ညံ့လိုက်တဲ့ Security မေးခွန်း မွေးရပ်ဇာတိ ကို အင်္ဂလိပ်လိုရိုက်ပေးတာနဲ့ အကောင့်က လက်ထဲကို ရောက်ရော။ (နောက်တော့ ဆုံးမ သြဝါဒ ချွေပြီး ပြန်ပေးလိုက်ပါတယ်။)
ကဲ..။ ဒီက စာဖတ်သူတို့ရော်။ သင်တို့ Facebook အကောင့်တွေလုံခြုံပါရဲ့ လား။ ပိုပြီးလေးနက်တဲ့ မေးခွန်း မေးပါမယ်။ သင့်ဘဝ လုံခြုံပါရဲ့ လား။ အရေးအကြီးဆုံးအချက်တွေ ပြောပါမယ်။
နေရာဖော်ပြမှု (Location)
သိပ်အရေးကြီးတယ်။ သွားတတ်တဲ့နေရာတိုင်းကို အားလုံးကို သိစေချင်လို့ ရှဲလွန်းကြတော့ သိသူ၊မြင်သူက မြင်နေပြီ။ သင်တကယ် လုံခြုံပါရဲ့ လား။
ကိုယ်ရေးအချက်အလက် ဖော်ပြမှု (Personal Information)
အချက်အလက်တင်မကဘူး။ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေကော၊ အိမ်တွေကော၊ လှတာရော၊မလှတာရော အားလုံး ပေါင်း ဖော်ပြနေတော့ သူ ဘယ်မှာနေတယ်။ ဘာလုပ်တယ်။ ဘက်ကလာတယ် အတော်များများက သိနေပြီ။
ခံစားချက် ဖော်ပြမှု (Feeling Status)
အချို့ က ဘော့စ်နဲ့ အဆင်မပြေတော့ဘူး။ လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေတော့ဘူး။ ချက်ချင်းပဲ စိတ်မကျေနပ် တဲ့ စတေးတပ်တွေ တင်ကုန်ကြပါတယ်။ လူကဲခတ်တတ်သူများ သူက ဘာကိုစိတ်တိုတတ်တယ်။ သူက ဘယ်လို စိတ်နေစိတ်ထား ရှိတယ် အလွယ်တကူ ခန့်မှန်းနိုင်ပြီး သတင်းနှိုက်တဲ့နေရာမှာ အကွက်ချချ အသုံးပြု သွားနိုင်ပါတယ်။
ကဲ။ နေရာသိပြီ။ ကိုယ်ရေးအချက်အလက်သိပြီ။ သူ့ခံစားချက်သိပြီ။ ဘာလုပ်တော့မလဲ။ ကျနော်ကပဲ အရမ်း စူးစမ်းလေ့လာတတ်လို့လားမသိ စုံထောက်ဝင်စားပုံရပါတယ်။ (နောက်တာပါ) ။ ဆောင်ရန်လေးတွေ ပြော ပါမယ်။
Privacy သတ်မှတ်ပါ
ဒါက Facebook က အရေမရ အဖတ်မရပါဆိုပြီး ပေးထားတဲ့ Feature မဟုတ်ဘူးနော်။ Status တစ်ခု၊ Photo တစ်ခု တင်မယ်ဆိုရင်
တင်တဲ့အချိန် (Time)
တင်တဲ့နေရာ ( Location)
မြင်စေချင်တဲ့သူ (Public or No one or Any or Something)
ပါဝင်တဲ့ သူ ( People)
ဓာတ်ပုံ ရယူရန် အသုံးပြုသော ပစ္စည်း ( iPhone/HTC/ Nokia and so on)
အစရှိသဖြင့် ရွေးချယ်ပိုင်ခွင့် အားလုံး ပေးထားပါတယ်။ အဲဒါတွေ သတိကော ထားမိကြရဲ့ လား။ Privacy တစ်ခု ကိုယ်ကိုတောင် ချမှတ်စေချင်ပါတယ်။ ဥပမာ အပြင်သွားမယ့် အကြောင်းအရာလေး၊ ရှော့ပင်သွားမယ့် အကြောင်းအရာလေးတွေဆိုရင် ခင်ရာမင်ရာ သူငယ်ချင်းအရင်းတွေကိုပဲ သိစေတာမျိုး၊ ဓာတ်ပုံတွေ တင်ရင်လည်း မြင်စေချင်တဲ့ သူငယ်ချင်းတွေပဲ မြင်စေတာမျိုး၊ အချို့  လုပ်ငန်းနဲ့ ပက်သက်တဲ့ ပရိုမိုးရှင်းကို အကောင့်မှာ လုပ်တဲ့အခါကျ အားလုံးကိုမြင်စေဖို့ Public ပေးတာမျိုး အစရှိသဖြင့် ပြုလုပ်တတ်ဖို့ လိုအပ်ပါတယ်။
ဘာပဲလုပ်လုပ် Staus မတင်၊ Update မတင်ရင်လည်း Facebook ဆိုတာ သုံးရတာ စိတ်ကျေနပ်မှု ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ Facebook က တင်စေချင်လို့ကို ယင်း UI ကို ပေးထားတာပါ။ သို့ပေမယ့် မိမိရဲ့  ကိုယ်ရေးအချက်အလက်နဲ့ စိတ်ခံစားချက်များကို လုံခြုံမှု ရှိအောင်တော့ ယခုလို Only Friend, Friend of Friend, Tag Location, Edit Time အစရှိသဖြင့် Feature ကို အစုံအလင် ပေးထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် Facebook ကို လုံလုံခြုံခြုံ အသုံးပြုနိုင်စေဖို့ Privacy Setting, Account Setting ကို အားတိုင်း ဝတ်ဖတ်ပါ။ ဝင်ပြင်ချင်ရာ ပြင်ပါ။ စာဖတ်မပျင်းပါနဲ့။ မိမိ အကောင့် လုံခြုံရေးက မိမိ အသက်လုံခြုံရေးနဲ့ သိပ်မကွာခြားတော့ပါဘူး။ ယနေ့မှာ Social Media ကိုအခြေခံပြီး ဖြစ်ပေါ်တဲ့ Crime တွေ အင်မတန် များပြား လာပါပြီ။ လူတိုင်း Facebook Personal Account ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် အကြံပေး တိုက်တွန်း လိုက်ရပါတယ်
credit to sayarchan
.
Thursday, January 30, 2014
Lock ကျနေသော facebook Account အားပြန်ယူနည်း
လတ်တလော Facebook ရဲ့ ပြောင်းလဲ သွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။
ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။
၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။
ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်
ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။
ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။
သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။
ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။
အားလုံး အဆင်ပြေကြပါစေဗျား !!!
Tuesday, January 28, 2014
လူသိနည်းသောFace book shortcut များ
Alt+M New Message ပို့ရန် Box လေးခေါ်တာ
Alt+? facebook search ဆီကိုသွားတာ
Alt+1က အကြောင်းအရာအသစ်တွေဖြစ်တဲ့ News Feed နဲ့ Home ဆီသွားတာ
Alt+2 မိမိ profile ဒါမှမဟုတ် ကိုယ့်တိုင်းမ်လိုင်းဆီပြန်သွားတာ
Alt+3က ကိုယ့်ကို Add ထားတဲ့ friend request တွေကိုကြည့်ဘို့
Alt+4 message box ဆီသွားတာ
Alt+5 Notifications တွေကို ကြည့်တာ
Alt+6ကိုယ့် အကောက် Setting ဆီသွားတာ
Alt+7 Privacy Setting ၀င်ညှိ ဖို့
Alt+8 Page ဆီသွားဖို့
Alt+9 Facebook အဖွဲ့ရဲ့ ပေါ်လစီ တွေဖြစ်တဲ့ Statement of rights and responsibilities ကိုလေ့လာတာ။
Alt+0 ကတော့ Help Center ကိုခေါ်တာ
အပေါ်က ဖော်ပြထားတဲ့ Facebook keyboard short cut တွေက Window နဲ့ Chrome IE တို့အတွက်ဖြစ်ပါတယ် Window နဲ့ Fire fox မှာသုံးခြင်ရင် Alt နေရာမှာ Alt+Shift အဖြစ်ပြောင်းလဲသုံးနိုင်
ပါကြောင်းခင်ဗျားးးးးးးးးးးးးးးး။
Tuesday, November 26, 2013
မိမိရဲ့ hard disk ကိုဝန်မပိစေဘဲပေါ့ပေါ့ပါးပါးလေးသုံးမယ်
ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ်
မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု့
နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့
ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default
disk setting ကို
Waste capacity ကို များစွာပေးထား တာပါ
ကျွန်တော် တို့က အဲဒီမလိုအပ်တဲ့ wasted capacity ကို လျှော့ချ လိုက်ခြင်း
အားဖြင့် free space များများရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
လုပ်ဆောင်ရမဲ့ အဆင့်နည်းနည်းများပါတယ်.. တစ်ဆင့်ခြင်းကို သေသေချာချာ
လုပ်ဆောင် သွားရင် လွယ်လွယ်လေးပါ
ပထမဆုံး my computer ကို ဖွင့်ပါ Local disk :C ရဲ့ properties မှာ used
space , free space
ဘယ်လောက်ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့
လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ ..
မှတ်သားပြီးသွားရင်တော့
၁။ Start Menu , Control Panel မှ Power options ကို click ပါ
ကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို
ထပ်ပြီး click လိုက်ပါဦး
ပြီးရင် Enable Hibernation ဆိုတဲ့စာကြောင်းလေးကို uncheck လုပ်ပြီး
Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ
ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို
ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select ပေးပြီး settings button
ကို click ပါမယ်
Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132 MB ) ရှိရာမှ
3 % ( 1386 MB) သို့ လျှော့ချလိုက်ပါမယ်.
ပြီးရင် Ok ပေးပါ..
၃။ Start Menu , Internet explorer ကို open ရပါမယ်
Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် ..
Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ်
Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက
474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………..
နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက
မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ်
ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ
သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး………
အနှစ်ချုပ်ကတော့..
• Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks) switched OFF
• Internet explorer: Default 474 MB dropped to 50 MB
• System Restore: Default 12% dropped to 1% (~ 1 GB)
အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ…….
Android ဖုန်းအတွက် လျှို့ ဝှက်ကုဒ်များ
NDROID USER များအတွက် လျှိုဝှက်ကုဒ်များ (များများကလိမှ များမျာသိပြီး မြန်မြန်ပျက်မည် )
Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ ဖြစ်ပါတယ်။
1. Testလုပ်ရန် ကုဒ်များ
*#*#0588#*#* – Proximity sensor test
*#*#2664#*#* – Touch screen test
*#*#2663#*#* – Touch screen version
*#*#0*#*#* – LCD test
*#*#0673#*#* သို့မဟုတ် *#*#0289#*#* – Melody test
*#*#0842#*#* – Device test (Vibration test and BackLight test)
*#*#3264#*#* – RAM version
*#*#0283#*#* – Packet Loopback
*#*#232331#*#* - Bluetooth test
*#*#232337#*# - Bluetooth device address ကိုပြခြင်း
*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း
*#*#1472365#*#* - GPS test
*#*#1575#*#* - အခြား GPS test
2. Obtaining Firmware information
*#*#1234#*#* – PDA and Phone
*#*#1111#*#* – FTA SW Version
*#*#2222#*#* – FTA HW Version
*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number
*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate
3. Backup လုပ်ရန် ကုဒ်များ
*#*#273283*255*663282*#*#* - ဖိုင်လ်များကို Backup လုပ်ရန် Menu တစ်ခုပေါ်လာမည်။
4. Service mode
*#*#197328640#*#* - you can change settings or run tests in service mode
5. End Call / Power button ပြောင်းလဲခြင်း
*#*#7594#*#*
6. Reset လုပ်ခြင်း
*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။
used to reset your phone to factory settings. Be careful with it though, this option will remove files, setting etc
*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ဆီးလိုက်သည်။
7. ဖုန်း၏ information ကြည့်ရှုရန်
*#*#4636#*#*- battery information, battery history, phone information, usage statistics
အထက်ပါ ကုဒ်အားလုံးကို Android ဖုန်းတစ်လုံးတည်းတွင် အားလုံး အသုံးပြုနိုင်သည်ဟု မဆိုပါ။ Android မော်ဒယ်အလိုက် အသုံးပြုနိုင်သည့် ကုဒ်အနည်းအများ၊ အသုံးပြုပုံ အသုံးပြုနည်း အနည်းငယ် ကွာခြားနိုင်သေးသည်။
ကျန့်ရှိသည့် ကုဒ်များကို စာဖတ်သူတို့ ဆက်လက်မျှဝေပေးပါရန်
ရေးသားသူ >> SaiKoThuကို Credit
Window Password မေ့တတ်သူများအတွက် အသုံးပြုရန်
window password ကိုမေ့တတ်တယ်လို့ထင်ရင်ဒီလိုလေးလုပ်ထားတာအကောင်းဆုံးပါ.
ကိုယ့်ကွန်ပြူတာကိုအခုပြောပြမယ့်နည်းအတိုင်းလေးလုပ်ထားပြီး
password မေ့သွားရင် အရင်ပေးထားတဲ့ password ကို reset ပြန်ချလို့ရပါတယ်..
ဒီလိုလုပ်ဖို့အတွက်ကိုယ့်မှာ usb stick တချောင်းလိုပါတယ်..
နောက်ပြီးကိုယ့်ကွန်ပြူတာကလဲ window 7 ဆိုရင်ပိုအဆင်ပြေပါတယ်..
ဘာကြောင့်လဲဆိုတော့ကျတော်ခုပြောပြမှာက window 7 မှာမို့လို့ပါ..
ပထမဆုံး start ကိုနှိပ်ပြီး control panel ကိုဖွင့်ထားလိုက်ပါ..အဲ့ဒီမှာပုံထဲကလို user account မှာနှိပ်ပါ.ပြီးရင်ပုံထဲကအတိုင်းအဆင့်ဆင့်လုပ်ဆောင်သွားပါ.. ဒီနေရာမှာကိုယ့်ရဲ့ USB Stick ကိုထည့်ထားရပါမယ်.. Current user account password ဆိုတဲ့နေရာမှာအခုလောလောဆယ်ကိုယ်ပေးထားတဲ့ window password
ကိုထည့်ပေးပါ..ဒါတွေအားလုံးပြီးရင်တော့ပြီးပါပြီ..
ကျတော်တို့အခုလုပ်ထားတဲ့ ကောင်ကဘယ်လိုအလုပ်လုပ်လဲဆိုတာကြည့်ရအောင်..
အခုကျတော့် window password ကိုမေ့သွားပြီဆိုပါတော့.. ဒီနေရာမှာ password အသစ်ရိုက်ထည့်ပါ..မောက်ဆုံးက password hint ဆိုတာကမှားရင်ပြန်ရိုက်ခိုင်းတဲ့
အကြိမ်အရေအတွက်ပါ.ပုံထဲကအတိုင်းလိုက်လုပ်ကြည့်ပါ..တကယ်ရပါတယ်...မေ့တတ်တယ်ဆိုရင်လုပ်ထားပေါ့..
မောင်သာဗျော
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်...
ဘလော့ခရီးသည်
ကျနော့် ဆရာ့ဆရာများကို credit ပေးပါကြောင်းခင်ဗျား။
Microsoft word 2007 ကို pdf ဖိုင်ပြောင်းနည်း
2007 ကို pdf ပြောင်းတဲ့နေရာမှာ 2010 နဲ့ မတူပါဘူး pdf converter ဆော့ဝဲ တစ်ခု ထည့်ထားရပါမယ် သူကိုတော့https://secure.rackham.umich.edu/templates/win_office
html ထဲက မျှားပြထားတဲ့ဖိုင်လေးကိုဖွင့်လိုက်ပါ။Download ကိုနိပ်ပြီး next ကိုနိပ်ပြီးဆွဲလိုက်ပါ စက်မှာမောင်းပြီး2010
ပုံစံအတိုင်းပဲ
Save ပါ ပြီးပါပြီခင်ဗျာ အားလုံးအဆင်ပြေကြပါစေ။
http://Waylinaung.blogspot.com
Monday, November 25, 2013
Software မပါပဲ pdf ဖိုင်ပြောင်းနည်း
င်္ဂလာပါဗျာ
ကျွန်တော်အသုံးပြုနေတဲ့နည်းလေးပါ .. တစ်ချို့ ပို့စ်တွေကို pdf ဖိုင်တွေအဖြစ်ပြောင်းတဲ့အခါမျိုးတွေနဲ့ ကိုယ့်မှာရှိထားတဲ့ ဓာတ်ပုံလေးတွေကို pdf စာအုပ်လေးအဖြစ်သိမ်းထားချင်တဲ့အခါမျိုးတွေမှာ ကျွန်တော် ဒီနည်းလေးကို အသုံးပြုပါတယ် ..
ဒီနည်းအတွက် ကိုယ့်ရဲ့စက်ထဲမှာ Microsoft Office Word ဗားရှင်းတစ်ခုခုတော့ ရှိထားနှင့်ရပါမယ် .. ဒီပို့စ်မှာ ကျွန်တော်က Microsoft Office Word 2010 ကို အသုံးပြုပြီး လုပ်ပြထားပါတယ် .. တစ်ခြားဗားရှင်းတွေနဲ့လည်း Tool တွေကွာဟမှု သိပ်မရှိတဲ့အတွက် အဆင်ပြေပါတယ် ..
ကဲ .. စလိုက်ကြစို့ ..
ပထမဆုံး Office Word ကိုဖွင့်လိုက်ပါတယ် .. စာမျက်နှာအသစ်တစ်ခုကျလာတဲ့အခါ .. Home ရဲ့ ညာဖက်မှာရှိတဲ့ Insert ဆိုတာလေးကို နှိပ်လိုက်ပါတယ် .. ဗားရှင်းမတူရင် အဆင်မပြေဖြစ်မှာစိုးလို့ ရှာရလွယ်အောင် အောက်မှာပုံနဲ့ပြထားပါတယ် ..ပြီးတော့ ပွင့်လာတဲ့ထဲက Shape ကိုနှိပ်ပြီး ကျလာတဲ့ Shape ပုံစံတွေထဲက ကိုယ်ကြိုက်တဲ့ပုံတစ်ခုကို ရွေးလိုက်ပါ .. (ကျွန်တော်ကတော့ စတုဂံပုံကို ရွေးပြထားပါတယ် .. )
အဲဒီလိုရွေးလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ Mouse Pointer လေးဟာ အပေါင်း လက္ခဏာ ပုံလေး ဖြစ်သွားပါမယ် ..
စာရွက်ပေါ်မှာ ကိုယ်လိုချင်သလောက်ကို ချိန်ချပြီး ဆွဲယူလိုက်တာနဲ့ အောက်မှာပြထားသလို စတုဂံပုံလေးတစ်ခု ရလာပါမယ် .. (စတုရန်းဖြစ်ချင်ရင် Shift ကီးလေးနှိပ်ထားရင်း ဆွဲပါ)
ပြီးရင်တော့ .. အပေါ် ဘားတန်းမှာရှိတဲ့ Drawing Tools ရဲ့အောက်က Format သူ့ရဲ့အောက်ကမှ Shape Fill ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းကျလာပါမယ် ..
အဲဒီထဲကမှ Picture ကိုရွေးလိုက်ရင် ကွန်ပြူတာထဲက Image တွေကိုရှာဖို့ Browse Box တက်လာပါမယ် ..ကိုယ်လိုချင်တဲ့ပုံကို ကလစ်ပေးပြီး Insert ကိုနှိပ်လိုက်တာနဲ့ ကျွန်တော်တို့ဆွဲထားတဲ့ စတုဂံကွက်လေးထဲကို ပုံလေးဝင်လာပါမယ် .. (ပုံအကြီးအကိုတော့ စတုဂံရဲ့ ဘောင်တွေကို တိုးလျှော့လုပ်ပြီး အဆင်ပြေအောင် ချိန်ပေးနိုင်ပါသေးတယ် .. )
ပုံနဲ့ဘေးပတ်ပတ်လည်က ဘောင်တွေကို မပါစေချင်ဘူးဆိုရင်တော့ Shape fill ရဲ့အောက်က Shape Outline ကိုနှိပ်ပြီး ကျလာတဲ့ထဲက No outline ကိုရွေးပေးလိုက်ရင် ဘေးဘောင်တွေပျောက်သွားပါမယ် ..
နောက်ထပ်ပုံတွေကိုလည်း အဲဒီနည်းအတိုင်းပဲ Shape တစ်ခုဆွဲလိုက် ပုံတစ်ပုံ Insert လုပ်လိုက်နဲ့ ကိုယ်ကြိုက်သလောက် လုပ်ယူသွားရုံပါပဲ ..
အားလုံးပြီးပြီဆိုရင်တော့ ဘယ်ဖက်အပေါ်ဆုံးထောင့်မှာရှိတဲ့ File ကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Save as ကိုနှိပ်ပေးလိုက်ပါ .. အောက်မှာ ပုံပြထားပါတယ် ..
အဲဒီထဲက File name မှာ ကြိုက်တဲ့နံမည်ပေး .. Type of file မှာတော့ pdf ကိုရွေးပေးပါ ..
ကိုယ်သိမ်းချင်တဲ့နေရာကို သတ်မှတ်ပေးပြီး Save ကိုနှိပ်ပေးလိုက်တာနဲ့ ကျွန်တော်တို့လို့ချင်တဲ့ အရည်အသွေးမကျတဲ့ Image တွေနဲ့ဖန်တီးထားတဲ့ pdf ဖိုင်လေးကို ရရှိသွားမှာ ဖြစ်ပါတယ် ..
အပေါ်ကရေးပြထားတာတွေက ပုံတွေအတွက်ပါ.. PDF စာအုပ်တွေရေးချင်တယ်ဆိုရင်တော့ shape တွေ
ရွေးစရာမလိုပါဘူး Microsoft Word ကိုဖွင့်ပြီးတော့ မိမိရေးချင်တဲ့ စာတွေကိုရေး... ကိုယ်သိမ်းဆည်းထားချင်တဲ့
စာတွေကို select မှတ်ပြီးတော့ copy ကူးပါ.. ပြီးရင် Word page မှာ paste လုပ်ပါ.. ပြီးရင် Pdf အဖြစ်ထုတ်ယူတဲ့ပုံစံကတော့ အပေါ်ကအတိုင်းပါပဲ.. အားလုံးအတူတူပါပဲ.. Microsoft Office 2010 မရှိတဲ့သူတွေအတွက် ကျွန်တော်နောက်နေ့ကျရင် တင်ပေးပါ့မယ်.. အားလုံးပဲအဆင်ပြေကြပါစေဗျာ..
စာအချို့နှင့် ပုံများကို အိုင်တီမုဆိုး မှကူးယူဖော်ပြပါသည်...။။။
Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ
1. Total control over system
root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို
တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။
( ဥပမာ : Android phone / tablet ကို root လုပ်ပြီး
system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )
2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။
တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
phone memory ကိုအလဟဿဖြစ်စေပါတယ်။
ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။
3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။
နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့
သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။
4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ
သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။
အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီး
SD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။
သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။
5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications
တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။
( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )
အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။
6. Install New ROM , Interference
သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)
အခြား New Rom အသစ်သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကို
ချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့
ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။
အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။
ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်း
အနည်းအကျဉ်းသဘောပေါက်လောက်ပါပြီ။
အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
Source: http://www.myanmarmobileapp.com
credit to ;it ကိုထိုက်
Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။
root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။
” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင်ထားတဲ့
custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။
root လုပ်ပြီးတာနဲ့ မိမိဖုန်းကို administrator အနေနဲ့ system တခုလုံးကို အပြည့်အဝ
အသုံးပြုနိုင်သလို လိုအပ်သလိုလဲပြုပြုနိုင်ပါတယ်။
ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ
ပုံစံနဲ့အတူတူပါပဲ။
Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operators
တွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။
ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင်
သင့်ပြုလုပ်နိုင်ပါတယ်။
အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကို
Android rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်
သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်
၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။
၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့
သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
guide ရှိဖို့လိုပါတယ်။
သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်
၎. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။
၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။
CREDIT-TO http://www.myanmarmobileapp.com
credit to -it ကိုထိုက်
Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်များ
Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်တစ်ခုချင်းစီကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android Device တွေကို Root လုပ်ရာမှာအများဆုံးတွေ့ရတဲ့အပြင် Android လောက မှာအများဆုံးသုံးကြပါတယ်။ ဒါပေမယ့် ဒီခေါ်အဝေါ်တွေကို သာမန်Android Device တွေကိုအသုံးပြုတဲ့ လူတစ်ယောက်ကသိနိုင်ဖို့ခတ်ခဲပါတယ်။ ဒါကြောင့်အခု လိုတစ်စုတစ်စည်းထဲဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ အလွန်အကျိုးရှိမယ်လို့လဲထင်ပါတယ်ခင်ဗျာ ..။
1. ADB
ADB လို့ခေါ်တဲ့ Android Debug Bride (သို့) Android Debug Mode ဟာဆိုရင် ကျွန်တော်တို့အသုံးပြုနေတဲ့ computer ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Android Device တွေကို ချိတ်ဆက်ပေးတဲ့ command line tool တစ်ခုဖြစ်ပါတယ်။ ADB ဟာ Android SDK (Software Development Kit) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး root လုပ်ရာမှာအသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ ADB ကိုသုံးတဲ့အခါ Android Commands တွေကိုထည့်သွင်းရမှာဖြစ်ပြီး အစောပိုင်း Android Device တွေကို Root လုပ်ချင်တဲ့အခါ commands တွေကတစ်ဆင့်ပြုလုပ်ရပါတယ်။
2. AOSP
Android Open Source Project ရဲ့အတိုကောက်ဖြစ်ပါတယ်။ များသောအားဖြင့် ROM (Read Only Memory) တွေရဲ့ ဖော်ပြချက်တွေမှာတွေ့ရှိရပါတယ်။ AOSP ဟာများသောအားဖြင့် Android Device တွေမှာသုံးတဲ့ ROM တွေဟာ Google ကပေးတဲ့ ဘယ် Android Source Code ပေါ်မှာမူတည်ပြီးထုတ်ထားသလဲဆိုတာကိုဖော်ပြပါတယ်။
3. Bootloader
Bootloader ဆိုတာကတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ Android Device တွေမှာသုံးတဲ့ lowest level software တစ်ခုဖြစ်ပြီး Android Operating System စတင်ဖို့အတွက်လိုအပ်တဲ့လုပ်ဆောင်ချက်တွေကိုပြုလုပ်ပေးပါတယ်။ များသောအားဖြင့် ထုတ်လုပ်သူတွေဟာ Bootloader ကို lock ပြုလုပ်ထားပါတယ်။ ဘာလို့ဒီလိုလုပ်သလဲဆိုတော့ Root လုပ်ခြင်းကိုကြိုတင်ကာကွယ်ထားခြင်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ပစ္စည်းတွေကိုထုတ်လုပ်လိုက်တုန်းကအတိုင်းပဲ အသုံးပြုသူတွေကိုသုံးစေချင်လို့ဖြစ်ပါတယ်။
4. Bootloop
Bootloop ဆိုတာကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ Android Device ကို Root လုပ်တာပဲဖြစ်ဖြစ် Custom ROM တင်တာပဲဖြစ်ဖြစ် ပြုလုပ်တဲ့အခါ သူပြောထားတဲ့ အဆင့်တွေတိုင်းလိုက်မလုပ်ပဲ တစ်နေရာရာမှာတစ်ခုခုမှားခဲ့ရင် Android OS ဟာ restart ချလိုက်တာနဲ့ Start Up Logo မှာရပ်နေပြီးဘာမှဆက်တက်မလာတာ့ပါဘူး။ဒါကို Bootloop ဖြစ်တယ်လို့ခေါ်ပါတယ်။
5. BusyBox
BusyBox ဆိုတာကတော့ app တစ်ခုဖြစ်ပြီး UNIX Command Tools များစွာကိုအသုံးပြုဖို့အတွက်ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ Android OS ရဲ့ System File တွေကို ကိုယ်ကြိုက်သလိုပြောင်းချင်တဲ့အခါမျိုးမှာဆိုရင်အခုပြောတဲ့ BusyBox ကနေတစ်ဆင့် Commands တွေသုံးပြီးပြောင်းလဲလို့ရပါတယ်။
6. Dalvik cache
Dalvik cache ဆိုတာကတော့ Android OS မှာပါဝင်တဲ့ directory (folder) တစ်ခုဖြစ်ပြီး ကိုယ့် device မှာ install လုပ်လိုက်လို့ရလာတဲ့ *.dex file တွေအားလုံးကိုသိမ်းထားပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီ *.dex file တွေဟာ သွင်းထားတဲ့ app ကို update လုပ်လိုက်တာနဲ့ သူတို့ပါလိုက်ပြီး update ဖြစ်ပါတယ်။
7. Flashing or Flash
Flash လုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Device မှာတစ်ခုခုကို install လုပ်လိုက်ခြင်းရဲ့နောက်ထပ်အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ ROM ပဲဖြစ်ဖြစ် Kernel ပဲဖြစ်ဖြစ် install လုပ်လို့ရတဲ့မည်သည့် .zip file ကိုမဆို install လုပ်ခြင်းကို flash လုပ်တယ်လို့ခေါ်ခြင်းဖြစ်ပါတယ်။
8. Fastboot
Fastboot ဆိုတာကတော့ boot menu တစ်ခုဖြစ်ပြီး Android OS မစတင်ခင်မှာ Recover Mode နဲ့အခြား Download Mode တွေကို ဒီ boot menu ကနေတစ်ဆင့်ဝင်လို့ရနိုင်တဲ့ Android Boot Menu တစ်ခုဖြစ်ပါတယ်။
9. Firmware
Phone သို့မဟုတ် Tablet ရဲ့ Firmware ဆိုတာကတော့ များသောအားဖြင့် Operating System ကိုပဲညွှန်းဆိုခြင်းဖြစ်ပါတယ်။ Firmware Update လုပ်တယ်ဆိုတာကလည်း OS ကို Update ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။
10. IMEI
International Mobile Equipment Identity (IMEI) number လို့ခေါ်တဲက number တစ်ခုဖြစ်ပြီး GSM, WCDMA, and iDEN mobile device တွေနဲ့အခြား satellite device တွေမှာသုံးတဲ့ unique number တစ်ခုဖြစ်ပါတယ်။ ဒီ number ကို device တွေရဲ့ settings ထဲမှာကြည့်ရှုနိုင်ပါတယ်။
11. Kernel
Kernel ဆိုတာကတော့ Operating System ရဲ့အသဲနှလုံးပဲဖြစ်ပြီး Hardware နဲ့ Software (ဒီနေရာမှာတော့ App) ကြားဆက်သွယ်ပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
12. Opensource
Opensource ဆိုတာကတော့ software တစ်ခုကိုထုတ်လုပ်ပြီးလို့ဒီ software ဟာ opensource လို့ပြောလိုက်ပြီဆိုတာနဲ့ဒီ software ရဲ့ codes တွေကိုလိုသလိုပြုပြင်ပြောင်းလဲလို့ရပြီး အများတကာအသုံးပြုနိုင်ခြင်းကိုဆိုလိုပါတယ်။
13. Recovery
Recovery ဆိုတာကတော့ ကျွန်တော်တို့ Android Device တွေမှာရှိတဲ့ Internal Storage အတွင်းက အခန်းငယ်လေးတစ်ခု (Partition) ဖြစ်ပြီး Custom ROM ထည့်သွင်းခြင်း system-level လုပ်ဆောင်ချက်တွေပြုလုပ်တဲ့နေရာမှာအသုံးပြုပါတယ်။
14. ROM
Android အဝင်းအဝိုင်းမှာတော့ ROM ဆိုတာဟာ Read Only Memory ဖြစ်ပြီး အသစ်ပြုပြင်ပြောင်းလဲထားတဲ့ Android Operating System ကိုပဲခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ Custom ROM လို့လည်းခေါ်ဝေါ်ပါတယ်။ Custom ROMs တွေကတော့ CyanogenMod, Android Open Kang Project (AOKP) နဲ့ MIUI တို့ပဲဖြစ်ပါတယ်။
15. ROM Manager
ROM Manager ဆိုတာတော့ အလွန်အသုံးဝင်တဲ့ app တစ်ခုဖြစ်ပြီး root လုပ်ပြီးမှအသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ ClockworkMod Recovery ထည့်သွင်းခြင်း (သို့) CMW ထဲဝင်ခြင်း Custom ROM ထည့်သွင်းခြင်း အစရှိတဲ့လုပ်ဆောင်ချက်တွေကို ဒီ ROM Manager ကနေတစ်ဆင့်ဆောင်ရွက်လို့ရပါတယ်။
16. Root
Root ဆိုတာကတော့ Android Device တစ်ခုပေါ်မှာ Administrator (သို့) Full Access ဖြင့်အသုံးပြုခြင်းဖြစ်ပါတယ်။ (Root အကြောင်းအသေးစိတ်ဆောင်းပါးကို ရှာဖွေလေ့လာနည်းပညာ Album ထဲမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။)
17. Superuser
Superuser ဆိုတာကတော့ Android OS အတွက် special user account တစ်ခုဖြစ်ပြီး root account လို့လည်းခေါ်ပါတယ်။ Superuser ကနေမှတစ်ဆင့် Device ကိုလိုသလိုစီမှန်ခန့်ခွဲလို့ရပါတယ်။
18. Wipe
Wipe လုပ်တယ်ဆိုတာကတော့ Device ထဲမှာ ရှိတဲ့ data တွေကိုဖျက်ထုတ်ပစ်ခြင်းပဲဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့အခေါ်ဝေါ်တွေအားလုံးနီးပါးကို စာဖတ်သူတို့ Android Device တွေရဲ့လောကထဲမှာ မှာတွေ့ဖူးမြင်ဖူးကြမှာဖြစ်ပါတယ်။
ဒီအကြောင်းအရာလေးကတော့ ကျွန်တော်ရေးတာမဟုတ်ပါဘူးခင်ဗျာ ဆိုက်လိပ်စာလေး မမှတ်မိတော့လို့ ရေးမပေးလိုက်တာပါ။ ရေးသားသူကိုလည်း ဒီနေရာလေးကပဲ ခွင့်ပြုပေးပါလို့တောင်းဆိုပါတယ်ခင်ဗျာ။
Credit : http://www.pyayblogger.com
Run Box ပျောက်နေရင်ပြန်ဖော်နည်း
မိမိတို့စက်မှာ အကြောင်းအမျိုးမျိုးကြောင့် Run Box ပျောက်နေတက်နေပါတယ်။ တချို့အင်တာနက်ဆိုင်မှာ ဆိုရင်လဲ Run Box ကိုဖျောက်ထားတက်ပါတယ်။ အခုနည်းလမ်းလေးက Run Box ကိုပြန်ဖော်ဖို့ပါ။
ပထမဆုံး.....
My Computer
-> Local Disk C:
->windows
-> system 32
-> gpedit
-> Local Group Policy Editor
-> User Configuration
-> Administrative Templates
-> Start Menu and Taskbar ရဲ့ညာဖက်မှာ ရှိတဲ့
-> Remove Run menu from Start Menu ကို Click နှစ်ချက်ပေးပြီး
-> Disabled (ကိုရွေးပေးပါ)
-> Apply ->Ok ပေါ့။ ပြီးရင်တော့ စက်ကို restart ချလိုက်ပေါ့။
Run Box ပြန်ခေါ်လို့ရလောက်ပါပြီး။
Facebook မှာ Password မေ့သွားလို့ဘယ်လိုပြန်လုပ်ရမယ်လဲ......?
Facebook မှာ Password မေ့သွားလို့ဘယ်လိုပြန်လုပ်ရမယ်လဲ......? facebook မှာ lock ဖြစ်သွားတဲ့ အကောင့် တွေလည်းအများကြီးပါ။တကယ်တော့ တင်းကျပ်လာတဲ့  facebook ရဲ့ pivicay တွေကိုမသိလို့ ခဏတာလော့ ကျသွားတဲ့ အကောင့် တွေကိုဒီနည်းနဲ့ ပြန်ပြီးယူလို့ ရပါတယ်။password ပြန်ပြီအသစ်
စ်ပြောင်းချင်သူများလည်းဒီမှာလိုက်လုပ်ကြည့် ပါ။တစ်ချို့ လော့ကျတဲ့  facebook အကောင့် တွေကိုမဖွင့် ပဲ တစ်ပါတ်လောက်ပစ်ထားပြီးဒီနည်းအတိုင်းလိုက်လုပ်ကြည့် လိုက်ပါ။အဆင်ပြေပါတယ်။ဒါဆိုရင်လတ်တလောအပူတွေဖြစ်နေတဲ
့သူငယ်ချင်းတွေကိုလည်းအကောင်းဆုံးကူညီပေးနိုင်မယ်လို့ မျှော်လင့် ပါတယ်။
(အဆင့်-၁)
Facebook webpage ကိုဖွင့်လိုက်ပါ။ အောက်ကပုံလေးမှာ ပြထားတဲ့ အတိုင်း မိမိရဲ့Facebook email ကိုရိုက်ထည့်လိုက်ပါ။ပြီးလျှင် Forgot your password? ဆိုတဲ့ လင့်ကို ကလစ်နှိပ်လိုက်ပါ။
(အဆင့်-၂ ) Enter your email or phone number ဆိုတဲ့ အကွက်ကလေးမှာ မိမိရဲ့  facebook email ကို ရိုက်ထည့်ပေးပါ။ပြီးရင် Search ကို ကလစ်နှိပ်လိုက်ပါ။
(အဆင့်-၃) This Is My Account ဆိုတာကိုနှိပ်ပေးလိုက်ပါ။
(အဆင့်-၄) Continue ဆိုတာကိုနှိပ်လိုက်ပါ။
( အဆင့်-၅) ဒီအဆင့်မှာတော့ အခုစာမျက်နှာကို ဒီတိုင်းထားပြီး email အကောင့် ကိုဖွင့် လိုက်ပါ။
( အဆင့်-၆ ) facebook ကနေမိမိတို့  email ကိုစာတစ်စောင်ရောက်နေပါလိမ့် မယ်။အဲဒီကကုဒ်နံပါတ်ကိုယူလိုက်ပါ။
( အဆင့်-၇ ) အောက်ကပုံအတိုင်း အဲဒီမှာပါတဲ့ လျှို့ဝှက်ကုဒ်ကိုကော်ပီကူပြီးဖြည့်လိုက်ပါပြီး။ထို့နောက် Continue ဆိုတာကိုနှိပ်လိုက်ပါ။
( အဆင့်-၈ ) Choose a new password ဆိုတဲ့ Box မှာ password အသစ်ရိုက်ထည့်ဖို့ အကွက်ကလေးနှစ်ကွက်ပေါ်လာပါလိ့မ်မယ်။
အဲဒီမှာ မိမိအသစ်ပြန်ပြောင်းလိုတဲ့ password ကိုအကွက်2ခုမှာ မှန်အောင်ဖြည့်လိုက်ပါ။ ပြီးရင်Continue ဆိုတာကိုနှိပ်လိုက်ပါ
အထက်ပါ အဆင့်တွေ အားလုံးလုပ်ဆောင်ပြီးသွားပါက password အသစ်ပြန်ရလို့ ဖေ့စ်ဘုတ် အကောင့်ကိုလည်ပြန်အသုံးပြုလို့ ရပါပြီ။
credit to -ကိုလင်းသလ္လာဝတီ
Laptop Battery Power ကို ကြာရှည်စွာ အသုံးပြုနိုင်ရန်
Laptop Battery Power ကို ကြာရှည်စွာ အသုံးပြုနိုင်ရန် နည်းလမ်း
Laptop Computer ကို အသုံးပြုတဲ့သူ များတဲ့အကြောင်းကတော့ မည်သည့်နေရာမှာမဆို အချိန်မရွေး Power Supply နဲ့  ဆက်သွယ်စရာမလိုပဲ အသုံးပြုနိုင်လို့ ပဲ ဖြစ်ပါတယ်…
ဒါပေမဲ့ Laptop နဲ့  တခြား Mobile Device တွေရဲ့ အကြီးမားဆုံး ရင်ဆိုင်ရတဲ့ ပြဿနာကတော့ လိုအပ်တဲ့အတိုင်းအတာအထိ Battery Power က မပေးစွမ်းနိုင်တာပါပဲ…
ဒီတော့ သတ်မှတ်ထားတဲ့ စွမ်းအားပြည့်နဲ့  Battery Power ကို အသုံးပြုနိုင်စေရန် နည်းလမ်းများကို ရှာဖွေခဲ့ကြပါတယ်…
အကောင်းဆုံးနဲ့  အလွယ်ကူဆုံး နည်းလမ်းကတော့ လွမ်းတို့  အသုံးပြုတဲ့ Operating System တွေမှာ Power Management Function တွေ ထည့်လာတာပါပဲ…
ခုနောက်ဆုံး အသုံးပြုနေကြတဲ့ Windows 7 မှာဆိုရင် Power Saver တွေ ပါလာတာကို တွေ့ ကြရမှာပါ…
အဲဒါတွေကတော့-
အလိုအလျောက် LCD Brightness ကို လျှော့ချပေးတယ်…
CPU Clock Speed ကို နှေးကျသွားစေတယ်…
Laptop ကို အသုံးမပြုတဲ့အချိန်မှာ Hard disk operation ကို ရပ်ထားပေးတယ်…
Laptop က Idle State ဖြစ်နေရင် LCD Disply ကို Switch off လုပ်ထားပေးတယ်…
တကယ်လို့ များ ကိုယ့် Laptop ရဲ့ Batttery Power ကို အချိန်ကြာမြင့်စွာ သုံးချင်တယ်ဆိုရင်တော့ အောက်ပါအချက်များကို လိုက်နာရမှာ ဖြစ်ပါတယ်…
၁။ Use only the necessary applications
စာတွေပြင်တာ၊ ဇယားတွေဆွဲတာ၊ Mail တွေစစ်တာလောက်ကတော့ Starcraft II Game ကစားတာမျိုးနဲ့  high-definition Video တွေကြည့်တာလောက် Power မကုန်ပါဘူး… အသုံးမပြုတဲ့ Application တွေကို ပိတ်ထားသင့်ပါတယ်…
၂။ Dim the monitor’s LCD brightness as much as possible
Cooling Fan နဲ့  အလုပ်လုပ်နေတဲ့ CPU က ဒီလောက် Power consumption မရှိပေမဲ့ အများဆုံး Power consumption ယူထားတဲ့ LCD ရဲ့ Brightness ကို လျှော့ချထားတာဟာလဲ Battery Power ကို ကြာရှည်သုံးနိုင်တယ်လို့  ဆိုပါတယ်…
၃။ Keep the laptop’s temperature as low as possible
Laptop မှာ Internal temperature sensors နဲ့  cooling fan ကို အလုပ်လုပ်စေတာပါ… မိမိရဲ့ Laptop ကို လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ အသုံးပြုပြီး Laptop ကို အေးအောင်ထားနိုင်တဲ့ အခြေအနေဆိုရင် cooling fan ရဲ့ လည်ပတ်အားလျော့ကျသွားစေနိုင်တဲ့အတွက် Power consumption ကို လျော့ကျစေနိုင်ပါတယ်…
၎။ Use earpieces instead of the laptop’s in-built speaker
Speaker က Battery က Power ကို ယူထားတာပါ… အသံပိုကျယ်လေ Power ပိုကုန်လေပါပဲ… ဒီတော့ Speaker အစား earpieces ကိုသာ အသုံးပြုသင့်ပါတယ်…
၅။ Remove any unused USB devices from the laptop
USB Port တစ်ခုဟာ 5V DC Power ကို ယူထားတာပါ… ဒါကြောင့် မလိုအပ်တဲ့ Thumb Drive နဲ့  External Hard Disk တွေကို USB Port မှာ ထည့်မထားသင့်ပါဘူး…
၆။ If you are leaving your computer idle for more than 10 minutes, hibernate it
instead of leaving it in the sleep mode
Windows 7 မှာဆိုရင် Sleep နဲ့  Hibernate ဆိုပြီး ၂-မျိုးရှိပါတယ်… Hibernation ဆိုတာ Hard disk ထဲမှာရှိတဲ့ Computer state ကို သိမ်းပြီး Computer ကို လုံးဝပိတ်ပေးသွားမှာပါ… Sleep ကတော့ system state ကို ကာကွယ်ဖို့ နဲ့  memory content alive ဖြစ်နေတဲ့အတွက် Battery power ကို ယူထားရတာပါ… ဒါကြောင့် ၁၀-မိနစ်ထက် ပိုပြီး Laptop ကို အသုံးမပြုဘူးဆိုရင်တော့ Hibernate လုပ်ထားရပါမယ်…
၇။ Make use of the latest power saving technologies if they are available in your laptop
အကောင်းဆုံးဥပမာအနေနဲ့  Dual Graphics Card အသုံးပြုတဲ့ Laptop တွေ အသုံးပြုဖို့ ပါ… Integrated Graphics Card တွေဟာ Power consumption နည်းလို့  ပါပဲ… နောက်တစ်ခုက LCD Display ရဲ့ Brightness ကို ချိန်ညှိပေးနိုင်တဲ့ Light sensor ပါတဲ့ Laptop တွေကို အသုံးပြုသင့်တာပါ…
အထက်ပါလမ်းညွှန်ချက်တွေကို လိုက်နာမယ်ဆိုရင် Laptop ရဲ့ Battery Power ကို အချိန်ကြာကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်…
မှတ်ချက်။ ။ Nanyang Technological University မှ ထုတ်ဝေသော Issue 10 မှ Maximise the Power of Your Laptop Battery ကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်…
Sunday, November 24, 2013
ZawGyi Font Changer (Andriod Vresion 4.0 အထက် ကနေ 4.2.2 အထိ မြန်မာစာ မှန်တဲ့ ဆော့ဝဲလ် ပါ။ မြန်မာဖောင့် ထည့်နည်းပါ ရေးထားပေးပါတယ်။ Andriod ဖုန်းသုံးသူတိုင်း ဒီနည်းနဲ့ မြန်မာဖောင့် ထည့်နိုင်ပါတယ်)


Saturday, November 23, 2013
Samsung ဖုန်းများကို Officail Firmware တင်နည်း

Window genuine ပြဿနာကို ဖြေရှင်းရန် Window Genuine Remover
ဒီဆော့ဝဲလေးကတော့ Window Update ကြောင့်ဖြစ်လာတဲ့ Genuine ကို ရှင်းဖို့ 
အရမ်းကောင်းမွန်ပီး Window Loader ထက် အန္တရာယ်ကင်းပါတယ် ။ ဒီဟာလေး
ကိုဆောင်ထားပါ ။ ဖြစ်လာပြီဆိုရင် အောက်မှာပေးထားတဲ့ အဆင့်အတိုင်း လုပ်
Anti- Virus -အင်တာနက်လိုင်းကို ပိတ်ထားလိုက်ပါ
ဆော့ဝဲကို Run လိုက်ပီး Remove WAT ကို နှိပ်ပါ
ခဏစောင့်ပါ ပီးရင် Restart ချမလားမေးတဲ့အခါ OK နှိပ်ရင် ရပါပီ
DownloadLink 1 - Window Genuine Remover 2.2
Download Link 2 - Window Genuine Remover 2.2
မူရင်းလင့် - http://www.anzaq.com
Subscribe to:
Posts (Atom)