Friday, November 15, 2013
လက်တော့နဲ့ WINDOWS 8သုံးမယ်ဆိုရင် ပြင်ဆင်ထားရမည့်အချက်များ(၁)
=================================
(၁) BIOS ကို UPDATE လုပ်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။ တချို့ LAPTOP တွေမှာ BIOS ကို UPDATE လုပ်မထားရင် တချို့ ကီးတွေ လွဲနေတာမျိုး၊ function key တွေအားလုံး အလုပ်မလုပ်တာမျိုးကြုံရနိုင်ပါတယ်။ ဒါကြောင့် BIOS ကို update လုပ်နိုင်ရင် လုပ်ထားပါ။
(၂) သက်ဆိုင်ရာ ၀က်ဆိုဒ်မှာ windows 8 Driver တွေ ရနိုင်သမျှ စုဆောင်းထားပါ။ ဥပမာ- သင့်ရဲ့ laptop ဟာ HP ဆိုရင် တရားဝင် HP ၀က်ဆိုဒ်မှာ windows 8 အတွတ် driver တွေ ဒေါင်းလုပ်နိုင်ပါတယ်။
(၃) ၀င်းဒိုး 8 အတွတ် Graphic Driver ကို ကြိုတင်၍ ဒေါင်းထားပါ။ Single GPU laptop တွေအတွတ်တော့ ပြဿနာမရှိပေမယ့် Hybrid GPU laptopတွေအတွတ်တော့ ပြဿနာရှိနိုင်ပါတယ်။ ဥပမာ- AMD နဲ့ INTEL graphic နှစ်မျိုးစလုံးပါဝင်တဲ့ laptop တွေလိုမျိုးပေါ့။ ဒီအတွတ်လဲ Hybrid GPU driver ဆိုဒ်တစ်ခုကို ညွန်ပြပေးလိုက်ပါ့မယ်။
http://leshcatlabs.net/
(၄) .NET framework 4.5 သာ ပါဝင်တဲ့အတွတ် အရင်ကသုံးတဲ့ software တွေ အဆင်မပြေတာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဖြေရှင်းနည်းကို ကျွန်တော်တို့ page မှာ ရှင်းပြထားပြီး ဖြစ်ပါတယ်။
အပိုင်း (၂) ကိုတော့ နောက်ပိုင်းတင်ပေးသွားပါမယ်။
No comments:
Post a Comment